Posterous theme by Cory Watilo

How to make dictionary ?

Dictionary တစ်ခုလုပ်ဖို့ အတွက် အရေးကြီးဆုံးက data ပါပဲ။ Dictionary လုပ်ဖို့ software တွေက Babylon Glossary Builder Bayblon Dictionary အတွက် add-on dictionary တစ်ခုတည်ဆောက်ချင်ရင်တော့ babylon glossary builder  ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် data တွေကို  excel file နဲ့ ရိုက်သွင်းရပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကိုတော့ http://www.babylon.com/support/step-by-step/quick-guide/glossary-builder.html မှာ ရှင်းပြထားပါတယ်။ Excel မှာ data တွေ သိမ်းပြီး babylone dictionary ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ Stardict Editor Stardict dictionary အတွက် dictionary ဖန်တီးချင်ရင်တော့ stardict editor ရှိဖို့လိုပါတယ်။ stardict editor က windows ကော Linux မှာပါ သုံးလို့ရပါတယ်။ Windows မှာ သုံးချင်ရင်တော့ အရင်ဆုံး stardict သွင်းထားဖို့လိုပါတယ်။ stardict-editor.exe ကို အောက်က လိပ်စာမှာ download ချနိုင်ပါတယ်။ http://downloads.sourceforge.net/stardict/stardict-editor-3.0.1.rar သူ့ကို C:\Program Files\Common Files\GTK\2.0\bin download ချပြီးရင်တော့  ထဲမှာ သွားထည့်ပေးရပါတယ်။ အဲဒါမှ run နိုင်မှာပါ။ stardict Editor က Tab system ကို အသုံးပြုထားပါတယ်။ word     state\ndef ဆိုတဲ့ ပုံစံရှိပါတယ်။ word နဲ့ state ကြားမှာ tab space ခြားထားပါတယ်။ \n ကတော့ တစ်ကြောင်းဆင်းဖို့အတွက်ပါ။ Stardict က Windows, Linux,iPhone စတာတွေမှာ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် မြန်မာစာ ကို ရှာရင်တော့ အပြည့်အဝ မပေါ်ပါဘူး။ စာလုံး ပြတ်နေတာတွေ ရှိတတ်ပါတယ်။